Showing posts with label ဒေါ်ပိုးစီ. Show all posts
Showing posts with label ဒေါ်ပိုးစီ. Show all posts

Monday, February 10, 2014

ပန္နက်ရိုက် အခမ်းအနား

ဒီနေ့ ၁၀.၁.၂၀၁၄ သောကြာနေ့ မနက် ၁၀ နာရီမှာ ကျွန်တော်တို့ နွေးထွေးလက်ပရဟိတအသင်းနဲ့ ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းတို့ပူးပေါင်းပြုလုပ်တဲ့ ဒေါပိုးစီ ဘက ကျောင်း ကလေးအိပ်ဆောင် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်ခဲ့ပါတယ်...ပန္နက်ရိုက်အစီအစဉ်မှာ ပထမဦးစွာ မြို့နယ်သံဃနာယကဆရာတော် ၇ ပါးလာရောက်ပရိတ်ရွတ်ပေးမည်လို့ စီစဉ်ထားခဲ့ပါတယ်....

တကယ်တမ်း ပန္နက်ရိုက်တဲ့နေ့မှာတော့ သံဃာတော် ၁၀ ပါးထိလာရောက်ချီးမြှင့် ပရိတ်ရွတ်ဖတ်သရဇယ် ပေးပြီးပန္နက်ရိုက်ခဲ့ပါတယ်...
သာသနာရေးဦးစီးဋ္ဌာနမှ ဦးစီးမှူးကိုယ်တိုင်လာရောက်ကြည့်ရှူပြီး သာဓုခေါ်ဆိုသွားပါတယ်......

ရာသီဥတုလဲကြည်လင်နေပြီး အစစအရာရာ ထင်မှတ်ထားသည်ထက်ပိုမို အဆင်ပြေပြေနဲ့ အောင်အောင်မြင်မြင် ပန္နက်ချနိုင်ခဲ့ပါတယ်.....
ဆရာတော် ၁၀ ပါးအား တစ်ပါးဆီ ၅၀၀၀ ကျပ်နူန်းဖြင့် ၀တ္ထုငွေ အဖြစ်ကပ်လှူခဲ့ပါတယ်ခင်ဗျားးးးး.။

ထပ်မံလှူဒါန်းလိုတဲ့အလှူရှင်များအနေနဲ့ သဲတစ်ကျင်း ၃၀၀၀၀ကျပ်
ကျောက်တစ်ကျင်း ၃၀၀၀၀ကျပ် ၊ အုတ်တစ်လုံး ၁၂၅ ကျပ်
ဘိလပ်မြေတစ်အိတ် ၅၅၀၀ ကျပ်နှုန်းဖြင့်ပါဝင်လှူဒါန်းနိုင်ပါသေးတယ်....။
အလှူငွေအဖြစ်လဲလှူဒါန်းလို့ရပါသေးတယ်ခင်ဗျာ.....။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် အများအကျိုး သာသနာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သော အမျိုးသားကောင်း အမျိုးသမီးကောင်းဖြစ်ကျပါစေ...........။












ဒီနေ့ ( ၁၉ .၁. ၂၀၁၄ ) မှာ သွားရောက်ကြည့်ရှူခဲ့တဲ့ ဒေါဘိုးစီ ဘကကျောင်းရဲ့ အိပ်ဆောင်ဖောင်ဒေးရှင်းတည်ဆောက်မှူ လက်ရှိအခြေနေပါ....
ထပ်မံလှူဒါန်းလိုတဲ့အလှူရှင်များအနေနဲ့ သဲတစ်ကျင်း ၃၀၀၀၀ကျပ်
ကျောက်တစ်ကျင်း ၃၀၀၀၀ကျပ် ၊ အုတ်တစ်လုံး ၁၀၀ ကျပ်
ဘိလပ်မြေတစ်အိတ် ၅၅၀၀ ကျပ်..။ ၉ ပေ တိုင် တစ်လုံးကို၁၈၇၄၇ကျပ် ။
၁၂ ပေတိုင် ၁လုံး ၂၄၉၉၆ကျပ်။ ၁၅ ပေတိုင်၁လုံး၃၁၂၄၅ကျပ်။
၅ ပတ်လည် သစ်မာ ၁ တန် ၆ သိန်း ကျပ် နူန်းဖြင့်ပါဝင်လှူဒါန်းနိုင်ပါသေးတယ်....။
အလှူငွေအဖြစ်လဲလှူဒါန်းလို့ရပါသေးတယ်ခင်ဗျာ.....။

Sunday, February 9, 2014

ဒေါ်ပိုးစီ ဘကကျောင်း

မိဘမဲ့ခလေးအိပ်ဆောင် ဆောက်လုပ်လှူဒါန်းမှု အစ


ကျွန်တော်/ ကျွန်မတို့ နွေးထွေးလက်များရဲ့ ပထမဦးဆုံး ပြန်လည် ပြုင် တည်ဆောက် ကူညီမှာကတော့ ရွှေလွိုင်ကော် ပရဟိတ အသင်းကဦးစီးမယ့် … ကယားပြည်နယ် လွိုင်ကော်မြို့စွန် ရွာလေးတစ်ရွာက ဒေါ်ပိုးစီ မိဘမဲ့ ဘက ကျောင်းလေးဖြစ်ပါတယ်…။

ဒီမိဘမဲ့ကျောင်းလေးမှာ ခလေးပေါင်း ၁၅၅ ဦးကျော်ရှိပါတယ် …. ကယား ပဒေါင် ပအိုဝ့် ရှမ်း ဗမာ ကရင် နဲ့တခြား တိုင်းရင်းသား မိဘမဲ့လေးတွေပါ …. စစ်ဘေးဒါဏ်ထိ မိဘမဲ့ ခလေးတွေအပြင် ရွာရှောင်များ ( မြန်မာစစ်တပ်မှ သူပုန်ရှိသည်အထင်ဖြင့် ရွာလိုက် အနှင်ခံရပြီး မိဘများက စွန့် ပစ်ခံခလေးများ ) ... တစ်ခြား အခြေအနေအကြောင်းကြောင်းကြောင့် .... မိဘမဲ့နေသူများပါဝင်ပါတယ်...။

ခိုက်ခိုက်တုန်နေတဲ့ လွိုင်ကော်ရဲ့ ဆောင်းရာသီမှာ သူတို့လေးတွေမှာ ခြုံစရာစောင် မရှိကြပါဘူး… ၀တ် စရာအနွေးထည်လဲ မပြည့်စုံကြပါဘူး … ပေါက်ပြဲ ကျိုးပဲ့ နေတဲ့ ထရံကာထဲက … သူတို့ရဲ့နေရာ အိပ်စင်တန်းမှာ ခြင်ထောင်ဆိုတာလဲမရှိပါဘူး…..မီးဖိုဆောင် ဆိုတာလဲ အရမ်းဆိုးနေတာ တွေ့ရမှာပါ….. မီးခိုးမှိုင်းစော်မွှန်နေတဲ့ ဘယ်သူမှ မမျိုချနိုင်တဲ့ထမင်းကို ကြုံရာ တာလပေါဟင်းနဲ့ အားရပါးရ စားနေကြ တာ မြင်ရတာရင်နင့်စရာပါ…။

အမှန်အတိုင်းဆို ဒီခလေးတွေဆိုတာ မိဘမဲ့နေကြသလို ရင်ခွင်မဲ့နေကြတာပါ…  အားငယ်မှုတွေနဲ့သူများပေးမှကျွေးမှစားရကြတာပါ …. ကျမတို့ရဲ့သွေးချင်းလေးတွေကို နွေးထွေးမှုပေးရမှာ အဲ့ဒီနယ်သားတွေမှာအပြင် ကျမတို့အားလုံးမှာ တာဝန်ရှိတာပေါ့…။
သူတို့မရခဲ့တဲ့ ရင်ခွင် နွေးထွေးမှု  နဲ့လုံခြုံမှု တွေကို ကျမတို့ပေးကြရအောင်ပါ… တစ်ကယ့်နှလုံးသားထဲမှာရော..အပြင်မှာပါ အကာကွယ်မဲ့နေတဲ့ ကျမတို့ရဲ့ သွေးချင်း မောင်လေးညီမလေး တွေကို ကျမတိုရဲ့ မေတ္တာနဲ့ နွေးထွေးစေရအောင်ပါ…. 

ဒီခလေးတွေလုံခြုံစေတဲ့အတွက် ကျမတို့လဲဘ၀ဆက်တိုင်းလုံခြုံမှာပါ ဒီခလေးတွေကို နွေးထွေးမှုပေးတဲ့ အတွက် ကျမတို့လဲ ဘ၀ဆက်တိုင်းအားကိုးမဲ့တာ နေစရာစားစရာမဲ့တာ မဖြစ်ဖူးပေါ့ မိဘနဲ့အတူတူမတောင့်မတ မကြောင့်မကျ နေရမှာပေါ့ .... ဒါကြောင့် ကျမတို့နိုင်ငံခြားမှာ ကျွန်ခံပြီး ရလာတဲ့ ကျမတို့ရဲ့ ဖြူစင်တဲ့ ချွေးနဲစာလေးနဲ့ မြင့်မြတ်တဲ့ အလှူ တစ်ခု အစပျိုးကြရအောင်ပါ…..

 ဒီတော့ ကျမတို့က အမာခံအလှူရှင်ခေါ်မယ်... အနိမ့်ဆုံး၅သောင်း အဲ့ကျောင်းမှာပဲ အလှူရှင် နာမည်တွေ ကဗျည်းထိုးမယ် ( အနိမ့်ဆုံး သင်ပုန်းပေါ်ဆီဆေးနဲ့ပေါ့ ) ဂုဏ်ပြုမှတ်တမ်းလွှာတွေ ကို ကျမတို့ရဲ့နာယကဆရာတော် အရှင်အဂ္ဂဓမ® ( ဗုဒ္ဓ ဂုဏ်ရည်ဆရာတော်ကြီး )… မိဘမဲ့ကျောင်းရဲ့ဆရာတော်. ..ပြီးတော့ရွှေလွိုင်ကော်…. ( ၃ ) ခုပေါင်းပြီးပေးပါ့မယ်။ ကျမတို့နိုင်ငံခြားမှာနေတဲ့ တတ်နိုင်တဲ့အချိန်လေးမှာ အမြင့်ဆုံးအလှူတစ်ခုကို ကဗျည်းတင် ကြရအောင်ပါ….. ။

ကျောင်းတက်နေဆဲ ကျမရဲ့ မောင်လေး ညီမလေးတွေ ကလဲ သူတို့ရတဲ့မုန့်ဖိုးလေးတွေကို လစဉ် စုပြီး လှူကြမှာပါ…. မိဘပေးတဲ့ မိမိရဲ့မုန့်ဖိုးကို မသုံးရက်ပဲ လှူတဲ့တွက် မိဘတွေပါကုသိုလ်ရမှာပါ….  မိဘတွေအရမ်းကြည်နူးရမှာပါ…။

ရလာတဲ့ အလှူငွေပေါ်မူတည်ပြီး ပျဉ်ကာမလား အုတ်ဖနပ်နဲ့ တိုင်ထောင် အုတ်စီ မလား
ဆုံးဖြတ်မှာပါ….. အလှူခံချိန် ( ၂ ) လ … ပြန်လည် ပြင်ဆင်တည်ဆောက်ချိန် ( ၂ )လ သတ်မှတ်ပြီး နှစ်ကူးမှာ ရေစက်ချ အလှူကြီးပေးပါမယ် ထမင်းရေချောင်းစီး ပေါ့ ….. ။

ကျမတို့အဖွဲ့ဟာ  အားကိုးမဲ့နေတဲ့သူတွေအတွက်ပဲ အားကိုရာ လုပ်မှာပါ …. တစ်ကယ်လိုအပ်တာ လုပ်သင့်တာကိုပဲ ထိုက်ထိုက်တန်တန် လုပ်ပေးမှာပါ ….
ညှိုးငယ်နေတဲ့မျက်နှာလေးတွေမှာ…. မျှော်လင်ချက်ရောင်ခြည် မျက်လုံးလေးတွေ  လင်းလက်လာစေဖို့ ကျမတို့လက်နဲ့ နွေးထွေးမှု တွေပေးကြရအောင်ပါ…..

ကိုယ်လှူတဲ့အလှူတစ်ခုတွက် အလှူခံပုဂ္ဂိုလ်တွေရင်ထဲမှာ ကိုယ့်ကို အားကိုးရာလို့ အဓိပါယ်ရတဲ့ မျက်လုံးလေးတွေနဲ့ ၀ိုင်းကြည့်နေတာ ခံရရင် ရှင်တို့ဘ၀တွေလဲ အေးချမ်းရမှာပါ ..။

ချမ်းမြေ့ကြပါစေ ရှင်……








ဒုတိယခြေလှမ်း



(၇-၁၁-၂၀၁၃) ယနေ့မှာ ဆရာတော် ဟိတဓရဆရာတော်( https://www.facebook.com/buddhagonyipage)နှင့် လွိုင်ကော်ရွှေတောင်ကျောင်းကဦးရာဇိန္ဒ ရယ်သွားကြည့်ပေးဘို့ အကူညီတောင်းတာေ ရာက်ဖြစ်အောင်ရောက် သွားကြတယ်။ 
 ကျောင်းမဖြစ်မနေဆောက်သင့်သလို အဲဒီနားကအခြားဘာသာတွေရဲ့မနားမနေစည်းရုံးမှုကြောင့် ဘာသာပြောင်းသူထွေများနေတာရယ် ကယားပြည်နယ်မှာ ရှိနေတဲ့ သံဃာအများစုဟာ ပအို့ကျောင်းရှမ်းကျောင်းဂိုဏ်ကွဲနယ်မြေလု ဒကာလုနဲ့ ဆင်းရဲတဲ့ ဗုဒ္ဓဘာသာတွေကို မကူညီနိုင်မစောင့်ရှောက်နိုင်ဖြစ်နေကြရတယ်လို့ ကြားသိရပါတယ်။
 လောလောဆယ် တကယ်လိုအပ်နေတဲ့ အခြေနေမှာ ဆရာတော်(၇၈)နှစ်ဒေါ်ပိုးစီကျောင်းမှာ အမြန်ကူ ညီသင့်ကြောင်း အထူးသတင်းပေးအပ်ပါတယ် ။နွေးထွေးလက်များ အားအင်စုတို့ပြည်သူကို ကာကွယ် မှုပြုကြပါစို့။ 
အရှင် အဂ္ဂဓမ္မ ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။ စမ်းချောင်းပေါက်မှတ်တိုင် ၊ မော်တော်ယဉ်ဂိတ်ဟောင်းမှတ်တိုင် ။ ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။ - ၀၉ ၅၀၇ ၄၆ ၄၅

ဗုဒ္ဓဂုဏ်ရည် ဆရာတော် ဘုန်းဘုန်း အရှင်အဂ္ဂဓမ္မ ဖုန်းဖြင့်လှမ်းအကူ အညီတောင်းခံချက်အရ .... ဆရာတော် ဟိတဓရ လွိုင်ကော်မြို့ရွှေကျောင်းဆရာတော် ဦးရာဇိန္ဒ နှင့် ဆရာတော်များ ယနေ့ဒေါ်ပိုးစီကျောင်းကို သွားရောက်လေ့လာခဲ့တဲ့ မှတ်တမ်းဓါတ်ပုံတစ်ချို့ပါ သူတို့ အသိုက်အမြုံလေးကို ပြန်ပြီးလုံလုံခြုံခြုံဆောက်ပေးတော့မယ်ဆိုတော့ မိဘမဲ့ကျောင်းကကျောင်းထိုင်ဆရာတော်ကြီးရော .... မိဘမဲ့ မောင်လေးညီမလေး ဆ၇ာလေး ကို၇င်လေးတွေအပြင် ကလေးတွေ ရွာသူရွာသားတွေ အုတ်အုတ်ကျက်ကျက်ပျော်နေကြတာ...ပီတိဖြစ်စရာ.....