Sunday, March 2, 2014

တန်ခူး





 နှစ်လုံးရယ်တဲ့ ပါဒ်မှီ  ၊ ရေသွန်းစံပျော်လို့ 
ငွေကံ့ကော် ပိတောက်ပန်းရယ်  ၊ လန်းတဲ့ရာသီ ။
စိတြာ ရွှေကြယ်မြတ်ကယ်နှင့် ၊ စန်းသမသတ်ပြည့်ခါမှီ
ညာဥ့်နာရီ နေ့ခင်း ။
မျှမပို လအလိုအခါထူးပါတဲ့ ၊ တန်ခူးသည် ဂိမှေနဲ့
ရ၀ိန်နေ မဇ္စျေနန်းမှာ ၊ မြန်းမည့်အတွင်း ။
                                   ( မဟာဂီတ ဦးပြုံးချို )


တန်ခူး မည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးးးတဲ့

တန်ခူးလဟာ မြန်မာပြက္ခဒိန်ရဲ့ ပထမဆုံးလပါ ..။ တန်ခူး လကို တန်းခူး ဟုလည်းရေးလေ့ရှိပြီး ပျို့ကဗျာ တွေမှာတော့ တာကူး လို့လဲရေးကြ တာတွေ့ရပါတယ် ...။တာကူးဟူသောအဓိပါယ်မှာ မိန်ရာသီမှ မိဿ ရာသီသို့ တနင်္ဂနွေ ဂြိုလ် ကူးပြောင်းခြင်းကို အစွဲပြုရေးသာကြောင်း ဝေါဟာရလိနတ္ထဒီပနီ ကျမ်းပြုစုသူ လှေသင်း အတွင်းဝန်မင်းကဆိုပါတယ်..။ ကောင်းကင်မှာ စိတြာကြယ်ထွန်းလင်း တောက်ပ ပါတယ် ။

ထို့အပြင် တာ ဟုသောစကားကို ရှေးမြန်မာစာပေ တို့မှာ  ... အချိန် ရာသီ နှစ်တို့ကိုခေါ်ဝေါ်ပြီး ကူး ကတော့ ကူးပြောင်းခြင်းလို့ ဆိုပါတယ်... ဒါ့ကြောင့် အတာကူးသောလ လို့ခေါ်ကြတာပါ ...။

ဒါတင်မက ... တန်ခူး  ဟူသော ဝေါဟာရမှာတော့ ပါဋိ စကားအရ တန် သည် ထန်းပင်ကို ရည်ရွယ်ပြီး ခူး ကတော့ ခူးစွတ်ခြင်း လို့ပြန်ကြပါတယ် .... ဒါကြောင့်  ထန်းခူးသောလ တန်ခူး လလို့လဲခေါ်ပါတယ်။ 

ဒါကြောင့် အတာကူးသောလ ထန်းခူးသောလ တာကူး တန်ခူး လရယ်လို့ အမည်တွင်ခဲ့တာပါ ...။

တန်းခူးလ မှာ ပိတောက်  ကံ့ကော် နှင့် ရင်ခတ်ပန်း တို့ပွင့်ကြပါတယ် ...။
 ပိတောက်ပန်းဟာ မြန်မာ့ရိုးရာ အတာ သင်္ကြန် ပွဲတော်ရဲ့ အထိမ်းအမှတ်ပန်းဖြစ် သလို မြန်မာအမျိုး သမီးများရဲ့နိုင်ငံတော် အထိမ်း အမှတ် ပန်းပါ ....။  ပိတောက် ဟာ တနှစ်မှ တခါသာ ပွင့်တဲ့ပန်းဖြစ် လို့  မြန်မာအမျိုးသမီးများဟာလဲ ပိတောက်လို သစ္စာရှိပုံနဲ့ နှိုင်းယဉ်ထားတာပါ။

ကုန်ဘောင်ခေတ်စာဆိုတော်ကြီး ဦးကြော့က
 တနှစ်တွင် ဒီတစ်လတွင်ပ 
တစ်လတွင် တရက်ထဲ 
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ 
ပွင့်ရှာကြ စုံမြိုင်တွင်း
 မြူမင်းလွင်ထန် 
ကြူသင်းတာချိန်ယံမတော့ 
ရွှေဝတ်ဆံငုံတံ မြတ်ကယ်နှင့်
ခါသင်္ကြန် ဂိမှန်ရောက်ပြန်တော့
သိဟ်သရေ ထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတစ်လျှောက်သင်းပါဘိ 
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း
ဆိုပြီး  ပိတောက် ပန်းဘွဲ့ကို စပ်ဆိုထားပါတယ်။

တန်ခူးလတွင် သင်္ကြန်ကျရောက်ပြီး  တစ်နိုင်ငံလုံး သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြပါတယ်။ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆက်စပ်နေသော လော ကမ္ဘောဒီးယာ ထိုင်းနိုင်ငံတို့မှာလဲ အလားတူ ဧပြီလမှာ ကျင်းပပါတယ် .... သို့သော် မြန်မာသင်္ကြန်ဟာ ရှေးအင်းဝခေတ်ကပင် ကြီးကျယ် မြင့်မြတ်ခဲ့တာမို့ ပေါ်တူဂီ အင်္ဂလိပ် စသော တိုင်းတစ်ပါးသားတို့ပင် မှတ်တမ်းတင်ရပါတယ်...။

သင်္ကြန်ဟူသောစကားသည် ပါဋိစကား သင်္ကန္တမှ ဆင်းသက်လာပြီး ... ကူးပြောင်းခြင်းလို့ အဓိပါယ်ရပါတယ်။

မြန်မာ့ဓလေ့ထုံးစံအရ တန်ခူးလမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေအမွေးနံ့သာ တို့ရောနှောကာ ၊ နှစ်သစ်မှာ အောင်မြင်ခြင်း အဖြာဖြာကိုရည်သန်လို့ အောင်သပြေခက်လေးတွေနဲ့ တစ်ဦးကိုတစ်ဦး ရေပက် သန့်စင် စင်ကြယ်စေပြီး နှစ်သစ် ကိုကြိုဆိုကြတယ်လို့ အယူရှိကြပါတယ်။ ဒါကိုရှေးအခါက " ထုံသင်းနံ့သာ ရေသီတာဝယ် စမ္မာကရမက် ပန်းပေါင်းဖက် " လို့ရေးသားကြပါတယ်။
ချစ်စရာ့ မြန်မာ့ ဓလေ့ပါ..။ 

လူကြီးများက သင်္ကြန် နှစ်ကူးအခါဝယ် ကိုယ် နှုတ်  နှလုံး သုံးပါး စင်ကြယ်စေရန် အလို့ငှာ ဦးခေါင်းကို ဆေးလျှော်ကြပါတယ် ။ ရှေးဘုရင်များကတော့ ဘုရင်မင်းမြတ်များကိုယ်တိုင် ဦးခေါင်းဆေး မင်္ဂလာတော်ကို ကြီးမှူးကျင်းပြကြပါတယ်..။  ဒီမ၈င်္လာကိုအတုယူပြီး နောက်ပိုင်း လူငယ်များက တရော် ကင်ပွန်း တို့နဲ့သက်ကြီးရွယ်အိုများကို  ခေါင်းလျှော်ပေးခြင်း ၊ လက်သည်းခြေသည်း ညှပ်ပေးခြင်း နှင့်  ...သက်ကြီးပူဇော်ပွဲများ ကျင်းပကြတာပါ.။


တန်ခူးလ သကြန်ပွဲရဲ့ ရိုးရာအစားအစာကတော့ မုန့်လုံးရေပေါ်ဖြစ်ပါတယ် ၊ကောက်ညှင်းနှင့် ဆန်ရောကြိတ် ထားတဲ့ မုန့် နှစ်လုံးလေးထဲမှာ ထန်းညက်ခဲကလေးများထဲ့ပြီး ပြုတ်ပွက်လာ ရင် ရေပေါ် ပေါ်လာတဲ့မုန့် လုံးရေပေါ်ကို အုန်းသီးနိုင်း ခြင်းနဲ့ သင်္ကြန်ရေ ချမ်းချမ်း ပျော်လွန်း လို့ မောပန်းနေတဲ့ အချိန်မှာ စာရတာ မြန်မာပြည်ရောက် ဧည့်သည်တွေအတွက်တစ်သက်မမေ့စရာပါ..။
ကာလသားများအတွက်ကတော့ သင်္ကြန် ဖယောင်းထမင်းပေါ့ ...။

မြန်မာတွေဟာ ကုသိုလ်ယူခြင်းကို အလေးထားကြတဲ့အားလျှော်စွာ .. နှစ်သစ်ကို ကုသိုလ်ကောင်းမှုတွေ တစ်ပုံတစ်ပင် ယူပြီးလဲကြိုဆိုကြပါသေးတယ်။

နေအိမ်တွေမှာတော့ ဘုရားများ ရေသပ္ပာယ်ခြင်း အိမ်တွင်းသန့်ရှင်းမှုများပြုလုပ်ခြင်း တိရိစ္ဆာန် များဘေးမဲ့လွှတ်ခြင်း တို့ ကို ပြုလုပ်ခြင်းဖြင့် လည်း နှစ်သစ်ကိုကြိုဆိုကြပါတယ်။

သင်္ကြန်ကာလမှာ ချို့တဲ့လို့ ရှင်မပြုနိုင် ရဟန်းမခံနိုင် တဲ့ ခလေးတွေကို ဒုလ္လပတ် ရဟန်းခံပေးခြင်း  ... ရှင်တစ်ရာ အလှူပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းများနဲ့ ကုသိုလ်ယူကြပါတယ်  ...
  
တစ်ချို့လူငယ်လူရွယ်များကတော့ သင်္ကြန်မတိုင်ခင် ( ၃ ) ရက် ဒုလ္လပတ် သင်္ကန်းစည်းပြီး သင်္ကြန်မှာတော့ ထုံးစံအတိုင်း ပျော်ကြပါတယ် ..။

သင်္ကြန်အခါကာလမှာ ... အိမ်တိုင်း လမ်းတိုင်း မဏ္ဍပ်တိုင်း နေရာတိုင်း စတုဒီသာ မဏ္ဍပ်များနဲ့ စည်ကားစွာ အလှူပေး နေကြပြီး အယုတ် အလတ် အမြတ် မရွေး ၀င်ရောက်စားသုံး ရေကစားနိုင်ပါတယ်။

သင်္ကြန်ရေကစားခြင်းဓလေ့ဟာ ဘယ်အချိန်ကတည်းက ရှိလာလဲမသိပေမယ့် ပုဂံခေတ်ကတည်းက ရှိလာတယ်ဆိုတာကို  ၀မ်းနည်းစရာ မိဖုရားလေး စောလုံ အကြောင်း သာဓကရှိနေပါတယ်..။

ပုဂံခေတ် နရသီဟပတေ့မင်းဟာ ကျီစား အလွန်သန်တဲ့အတွက် သူ့အချစ်ဆုံး မိဖုရား လေးစောလုံ ကို ရေတွေမွန်းအောင် ၀ိုင်းပက်စေခဲ့ပြီး စခဲ့ပါတယ် ...။
ဒီအခါမှာ အင်မတန်မှ အရှက်ကြီးပြီး သိက္ခာနဲ့ပြည့်စုံတဲ့ မိဖုရားလေးဟာ သူ့ကိုမောင်းမတွေ အလုပ်သမား တွေက ၀ိုင်းပြီး ရေမွန်းအောင် ကာယိဣနြေ္ဒ ပျက်ပြားအောင် ပြုလုပ်ခဲ့တဲ့တွက် အလွန် အမင်း ရှက်ရွံ့ ၀မ်းနဲ ယူကျုံးမရဖြစ်ခဲ့ပါတယ်။( နူးအထင် ဘုရင်သေရည်မူးနေတယ်ထင်ပါတယ်)

ဒီတော့ အင်မတန်အရှက်ကြီး တဲ့ မိဖုရားစောလုံက ရှက်လွန်းလို့ ဘုရင်ကြီး ကို ရန်ညိုးထားပြီး စားတော်ပွဲမှာအ ဆိပ်ခပ်ခဲ့ပါတယ် ၊( ဟိုခေတ် အချိန် အခါတွေက မိန်းခလေးတစ်ယောက် ရဲ့အရှက်ဟာ သူ့ရဲ့အသက်ပါ ၊ အရှက်ကွဲတာဟာ အသက်သေတာနဲ့ အတူတူပါ ) ။ 

ဒါကိုဘုရင်သိသွာေးတာ့ မိဘုရားစောလုံကို ကွက်မျက်ခဲ့ပါတယ် ... သို့သော် ကွပ်မြက်ပြီးမှ နရသီဟပတေ့ဟာ နောင်တအကြီးအကျယ်ရပြီး '' စောလုံ စောင့်ပါ ခလှည့် " ဟုမကြာခန ယောင်ယမ်း တမ်းတသော ဟူ၏ ဆိုတဲ့ သနားစရာ သမိုင်းကြောင်းအဖြစ်ကလေးက ပုဂံခေတ်ရဲ့ သက်ြန်အကြောင်း ကို မှတ်တမ်း တင်ရစ်စေပါတယ်။

နောက်တစ်ခုက .....
 သက်ြန်နဲ့ပတ်သက်ပြီး မြန်မာ နဲ့ ဟိန္ဒူ ဖက်စပ် ဒဏ္ဍာရီလေးတခုကလဲ ယ္ခုတိုင် မြန်မာတွေ အယူရှိနေကြ တာကိုတွေ့ရမှာပါ .... 

ဟိုးးးးကမ္ဘာဦးတုံးကပေါ့ ပိဿနိုးနတ်မင်းကြီးနဲ့ အာသီ လို့အမည်တွင်တဲ့ ဗြဟ္မာမင်းတို့ကဗေဒင်ဆိုင် ရာပြဿနာတရပ်နှင့်ပါတ်သက်ပြီး အငြင်းပွါးကြတယ်တဲ့   နောက်ဆုံးမှာတော့သူတို့နှစ်ဦး ဟာ  ဗေဒင် ပညာရှင် ကာဝါလမိုင်းဆရာကြီးထံ အဆုံး အဖြတ် တောင်းခံ ဖို့သဘောတူလိုက်ကြတာပေါ့။ နိုင်တဲ့သူကရှုံးတဲ့သူရဲ့ခေါင်းကိုဖြတ် ကြေးဆိုတဲ့ ကတိနဲ့ပေါ့..။

ဒီအခါမှာ ကာဝါလမိုင်းဆရာ ကြီးက
ပိဿနိုးနတ်မင်းကြီးရဲ့ အယူအဆမှန်ကန်တယ်လို့ ဆုံးဖြတ် ပေးလိုက်တယ်တဲ့ ပိဿနိုးနတ်မင်းကြီးကနိုင်ပေမယ့်  ဗြဟ္မာမင်းရဲ့ခေါင်းကိုမဖြတ်ချင်ဘူးပေါ့ ။ ဒါပေမယ့် သူကတိပြုခဲ့တဲ့ အတိုင်း ဗြဟ္မာမင်း က အဓိဠာန်ဖြင့် သူဦးခေါင်းကိုပြတ်စေလိုက်တယ်။


ဒီမှာ ပြသနာကစဖြစ်တော့တာပေါ့ ပြတ်သွားတဲ့ဗြဟ္မာဦးခေါင်းဟာ ပူလွန်းတော့  ပင်လယ်ထဲပစ်ချပါက ပင်လယ်ရေတွေ ခန်းခြောက်သွားမယ်။မြေပြင်ပေါ်ပစ်ချပါက မီးဟုန်းဟုန်းတောက်သွားလိမ့်မယ်တဲ့ ဒီတော့
ပိဿနိုးနတ်မင်းကြီးရဲ့သမီး ခုနှစ်ယောက်က တလှည့်စီ ပွေ့ကိုင်ထားရတော့ တာပေါ့။
နတ်သမီးတဦး လက်မှနောက်တဦးလက် ကိုပြောင်းတဲ့အချိန်က လူတို့ ဘုံမှာ အရေအတွက် အားဖြင့် တနှစ် အချိန်နှင့်ညီမျှတယ် တဲ့ ။ ဒီလို ဦးခေါင်းလွှဲပြောင်းပေးတာကို သကရာဇ် ဦးခေါင်းပြောင်းတယ် ဟုခေါ်ကာ အတာသင်္ကြန်ပွဲကျင်းပခြင်းဖြစ်တယ်လို့ ယူဆခြင်းလည်းရှိပါတယ်။

အင်မတန်ပူတဲ့ ဗြဟ္မာကြီးရဲ့ဉီးခေါင်းကို ကိုင်ထားရတဲ့ နတ်သမိးက တနဂ်နွေနေ့ သမီးဖြစ်ရင် ၊ ဒီနှစ်အဘို့ 
တနဂ်နွေသားသမီး များ ပူလောင်မယ်ပေါ့ ၊ သက်ြန်အတက်နေ့ ကျရောက်တဲ့နေ့ ဟာ ဗြဟ္မာကြီးဥိးခေါင်းကိုင်၇မဲ့ နတ် သမီးရဲ့ အလှည့် ဘဲ ၊ အဒါကို တာစားတယ်လို့ ခေါ်ပါတယ် ၊ ဒဏ္ဍာရီဖြစ်ပေမဲ့ ဒီနေ့ မြန်မာတချို့ကတော့ ယုံကြည်ကြတော့ တာစား တဲ့ နေ့ နံသားသမီးဟာ ဒီနှစ်မှာ ပူလောင်မယ် ၊ ကုသိုလ်များများလုပ်ဘို့  ၊ အရာရာကို ဆင်ခြင်ဘို့  မိဘ များက ညွှန်ကြားကြပါတယ်တဲ့ ။ (ကိုယ့်အယူမဟုတ်တော့ သိတ်မသိပါဖူး)



No comments:

Post a Comment